Chapter 2.26 (Financial Management) -ဘဏ်ချေးငွေထက် ပိုအစွမ်းထက်တဲ့ Trade Credit
Chapter 2.26 (Financial Management) - ဘဏ်ချေးငွေထက် ပိုအစွမ်းထက်တဲ့ Trade Credit စီးပွားရေးလောကမှာ ငွေသားဟာ ဘုရင် လို့ ဆိုကြပေမဲ့၊ တကယ်တမ်းတော့ ငွေသားစီးဆင်းမှုဟာ မိဖုရားကြီး' ပါပဲ။ နန်းတော်တစ်ခုလုံးကို ခြယ်လှယ်မောင်းနှင်နေတာက ငွေသားစီးဆင်းမှုသာ ဖြစ်ပါတယ်။လုပ်ငန်းတစ်ခုဟာ အမြတ်ထွက်နေရုံနဲ့ မလုံလောက်ပါဘူး၊ Cash Flow လည်ပတ်နေဖို့က ပိုအရေးကြီးပါတယ်။ လုပ်ငန်းရှင်အချင်းချင်းကြားက အားအကောင်းဆုံး ငွေကြေးလက်နက်တစ်ခုဖြစ်တဲ့ Trade Credit လို့ခေါ်တဲ့ အကြွေးစနစ် အကြောင်းကို နဲ့ပတ်သတ်ပြီးပြောချင်ပါတယ်။