Posts

Chapter 2.26 (Financial Management) -ဘဏ်ချေးငွေထက် ပိုအစွမ်းထက်တဲ့ Trade Credit

Image
Chapter 2.26 (Financial Management) - ဘဏ်ချေးငွေထက် ပိုအစွမ်းထက်တဲ့ Trade Credit  စီးပွားရေးလောကမှာ ငွေသားဟာ ဘုရင် လို့ ဆိုကြပေမဲ့၊ တကယ်တမ်းတော့ ငွေသားစီးဆင်းမှုဟာ မိဖုရားကြီး' ပါပဲ။ နန်းတော်တစ်ခုလုံးကို ခြယ်လှယ်မောင်းနှင်နေတာက ငွေသားစီးဆင်းမှုသာ ဖြစ်ပါတယ်။လုပ်ငန်းတစ်ခုဟာ အမြတ်ထွက်နေရုံနဲ့ မလုံလောက်ပါဘူး၊ Cash Flow လည်ပတ်နေဖို့က ပိုအရေးကြီးပါတယ်။ လုပ်ငန်းရှင်အချင်းချင်းကြားက အားအကောင်းဆုံး ငွေကြေးလက်နက်တစ်ခုဖြစ်တဲ့ Trade Credit လို့ခေါ်တဲ့ အကြွေးစနစ်  အကြောင်းကို နဲ့ပတ်သတ်ပြီးပြောချင်ပါတယ်။

Chapter 2.25 (Financial Management) - အကြွေးကို စက္ကူ အဖြစ်ပြောင်းပြီး ရောင်းစားခြင်း- Securitization Law ရဲ့ အလုပ်လုပ်ပုံ

Image
Chapter 2.25 (Financial Management) -  အကြွေးကို စက္ကူ အဖြစ်ပြောင်းပြီး ရောင်းစားခြင်း- Securitization Law ရဲ့ အလုပ်လုပ်ပုံ ပုံမှန်အားဖြင့် အကြွေး ဆိုတာ ပေးဆပ်ရမယ့် တာဝန်တစ်ခုလို့ပဲ ကျွန်တော်တို့ မြင်ကြပါတယ်။ ဒါပေမဲ့ ပါးနပ်တဲ့ အရင်းရှင်ကြီးတွေနဲ့ ဘဏ်ကြီးတွေအတွက်တော့ အကြွေးဆိုတာ ရောင်းကုန်  တစ်ခုပါ။ သူတို့တွေက သာမန်လူတွေ မမြင်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကိုယ့်ရဲ့ အိမ်ကြွေး၊ ကားကြွေးတွေကို စုပေါင်းပြီး Wall Street လို ဈေးကွက်ကြီးတွေမှာ ငွေသားအဖြစ် ပြောင်းလဲပစ်နေကြပါတယ်။ ဒါပေမဲ့ ဒီလို အကြွေးတွေကို အထုပ်လိုက်ရောင်းချတဲ့ နေရာမှာ ဝယ်ယူမယ့် ငွေရှင်ကြီးတွေဘက်က အကြီးမားဆုံး စိုးရိမ်မှုတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ ငါတို့ဝယ်ထားတဲ့ အကြွေးထုပ်ကြီးက လုံခြုံရဲ့လား ဆိုတဲ့ အချက်ပါပဲ။ ဒီစိုးရိမ်မှုကို ဖြေရှင်းပေးပြီး အကြွေးတွေကို စက္ကူ (Securities) အဖြစ် တရားဝင် ပြောင်းလဲပေးလိုက်တာကတော့ Securitization Law ပဲ ဖြစ်ပါတယ်။

Chapter 2.24 (Financial Management) - အရင်းကို နောက်ဆုံးမှဆပ်ခြင်း (Lump Sum) က ဘဏ်နှင့် လုပ်ငန်းရှင်တွေကို ဘယ်လို ချမ်းသာစေသလဲ

Image
Chapter 2.24 (Financial Management) -  အရင်းကို နောက်ဆုံးမှဆပ်ခြင်း (Lump Sum) က ဘဏ်နှင့် လုပ်ငန်းရှင်တွေကို ဘယ်လို ချမ်းသာစေသလဲ ငွေကြေးလောကမှာ   Lump Sum (သို့မဟုတ်) Bullet Repayment   ဆိုတာ ကျွမ်းကျင်တဲ့ ကစားသမားတွေအတွက် အလွန်ဆွဲဆောင်မှုရှိတဲ့ နည်းဗျူဟာတစ်ခုပါ။ ငွေရှင်ကြီးတွေနဲ့ ဘဏ်ကြီးတွေက ဒီစနစ်ကို ဘာကြောင့် စနစ်တကျ အသုံးချရသလဲဆိုတဲ့    ကြည့်ကြရအောင်။ အဓိက ပိုင်းခြားလိုက်မယ်ဆိုရင် အချက်လေးချက်ကြောင့်ပါ။ အဲတာတွေကတော့ - အရင်းအနှီးကို အထိရောက်ဆုံး အသုံးချဖို့ ဝန်ဆောင်မှုအသစ်များ လည်ပတ်ဖို့ ဈေးကွက်ကို လှုံ့ဆော်ရန် အန္တရာယ်ကို စနစ်တကျ ခွဲဝေရန် ဆိုတဲ့အချက်တွေကြောင့်ပါ။ အရင်းအနှီးကို အထိရောက်ဆုံး အသုံးချခြင်း   ဘဏ်တွေအတွက်တော့ အရင်းဆိုတာ အမြတ်ထုတ်ပေးတဲ့ အင်ဂျင် ပါပဲ။ အရင်းကို လစဉ် ပြန်မသိမ်းဘဲ ထားလိုက်တာဟာ အတိုးရနိုင်တဲ့ အရင်းပမာဏကို အမြင့်ဆုံးမှာ အမြဲရှိနေစေပါတယ်။ ဒါကြောင့် အရင်းအနှီးအပေါ် ပြန်ရမယ့် အကျိုးအမြတ်ကို တသမတ်တည်းနဲ့ အများဆုံး ရရှိစေပါတယ် ။ ရင်းနှီးမြှုပ်နှံသူတွေ အကြိုက် ဖြစ်နေရတာက   ဒီလို ပုံသေဝင်ငွေရနေတဲ...

Chapter 2.23 (Financial Management) - Short-term Loan

Image
Chapter 2.23 (Financial Management) -  Short-term Loan  ကာလတိုချေးငွေဆိုတာ သာမန်အားဖြင့် တစ်နှစ် (၁၂ လ) အတွင်း ပြန်လည်ပေးဆပ်ရမယ့် ချေးငွေအမျိုးအစား ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုမှာ ရုတ်တရက် ကုန်ကြမ်းဝယ်ဖို့ ငွေလိုလာတာ၊ ဝန်ထမ်းလစာပေးဖို့ ငွေသားပြတ်လပ်တာ စတဲ့ ရေတိုအခက်အခဲတွေကို ဖြေရှင်းဖို့ ထုတ်ပိုးထားတဲ့ ငွေကြေးလက်နက် တစ်ခုပါ (Gitman & Zutter, 2012) ။ ဒါပေမဲ့ ဒီလက်နက်က နှစ်ဖက်သွားပါ။ သိထားရမှာက Short-term Loan က Overdraft (အကြွေးစာရင်းပိုထုတ်ယူခြင်း) နဲ့ လုံးဝမတူဘူး ဆိုတာပါပဲ။ ကွာခြားပုံ Overdraft ဆိုတာက  သုံးသလောက်အပေါ်မှာပဲ အတိုးတွက်တာပါ။ (ဥပမာ- သိန်း ၁၀၀ ခွင့်ပြုချက်ရပေမယ့် ၅ သိန်းပဲ သုံးရင် ၅ သိန်းဖိုးပဲ အတိုးပေးရမယ်)။ Short-term Loan ကတော့ ကိုယ်  သိန်း ၁၀၀ ချေးရင် ဘဏ်က သင့်အကောင့်ထဲကို သိန်း ၁၀၀ အလုံးအရင်းနဲ့ ထည့်ပေးလိုက်ပါပြီ။ အဲ့ဒီငွေကို ဗီရိုထဲမှာပဲ ထည့်ထားထည့်ထား၊ အသုံးမပြုဘဲ ဒီအတိုင်းပဲ ထားထား၊ သိန်း ၁၀၀ အပြည့်အဝအတွက် အတိုးကို စက္ကန့်မလပ် ပေးနေရမှာ ဖြစ်ပါတယ်။ ကာလတိုချေးငွေရဲ့ အတိုးနှုန်းနှင့် ပြန်လည်ပေးဆပ်ခြင်း ကာလတိုချေးငွေရဲ့ အဓိက ကျောရိုးက သေချာရေရာမှု...

Chapter 2.22 (Financial Management) - Overdraft - လုပ်ငန်းရှင်တိုင်း ဆောင်ထားသင့်တဲ့ အရေးပေါ်အိတ်ကပ်

Image
Chapter 2.22 (Financial Management) -  Overdraft - လုပ်ငန်းရှင်တိုင်း ဆောင်ထားသင့်တဲ့ အရေးပေါ်အိတ်ကပ် စီးပွားရေးလောကထဲ ခြေစုံပစ်ဝင်ထားတဲ့ လုပ်ငန်းရှင်တိုင်းမှာ တူညီတဲ့ ညဖက်အိပ်မပျော်ခြင်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ (Cash Flow) ပါပဲ။ လုပ်ငန်းက အရှုံးမရှိဘူး၊ အမှာစာ တွေကလည်း တသီတတန်းကြီး၊ ရစရာရှိတဲ့ ငွေစာရင်းတွေကလည်း သိန်းထောင်ချီရှိနေတယ်။ ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးတဲ့ တစ်နေ့မှာတော့ ကိုယ့်လက်ထဲမှာ ငွေသား ပြတ်သွားတတ်ပါတယ်။ ဖုန်းထဲက ဘဏ်အကောင့်ကို ကြည့်လိုက်ရင် သုည  နား ကပ်နေပြီ။ ရှေ့မှာက ကုန်ကြမ်းဖိုး ပေးရတော့မယ်၊ ဝန်ထမ်းတွေရဲ့ လစာနေ့ကလည်း နီးနေပြီ။ ဒါမျိုးကို ငွေစကားပြောရမယ့်အချိန်မှာ ငွေက လက်ထဲမရှိတဲ့  ငွေကြေးအကျပ်အတည်းလို့ ခေါ်ပါတယ်။ ဒီလိုအချိန်မှာ လုပ်ငန်းရှင်တစ်ယောက်ရဲ့ သက်ပြင်းဟာ သိပ်ကို လေးလံလွန်းလှပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ဘဏ်မှာ ချေးငွေလျှောက်ပြန်ရင်လည်း အချိန်က မစောင့်နိုင်တော့ဘူး။ ဒီနေရာမှာပဲ Overdraft (ခေါ်) စာရင်းပိုထုတ်ချေးငွေ ဆိုတာ ပေါ်ထွက်လာပါတယ်။ ဒါဟာ ချေးငွေသက်သက်မဟုတ်ဘဲ သင့်လုပ်ငန်းရဲ့ ဘဏ်အကောင့်ထဲမှာ အမြဲရှိနေမယ့် အရေးပေါ် အိတ်ကပ်  တစ်ခုပါ (A...

Chapter 2.21(Financial Management) - လုပ်ငန်းရဲ့ အသက်သွေးကြော- Sources of Business Finance

Image
 Chapter 2.21(Financial Management) - လုပ်ငန်းရဲ့  အသက်သွေးကြော- Sources of Business Finance လုပ်ငန်းတစ်ခုကို မောင်းနှင်တဲ့အခါ ငွေ ဆိုတာ လောင်စာဆီနဲ့ တူပါတယ်။ လောင်စာဆီပြတ်ရင် စက်ရပ်သွားသလိုပဲ၊ ငွေကြေးစီးဆင်းမှု ပြတ်တောက်သွားရင် ဘယ်လောက်တော်တဲ့ လုပ်ငန်းပဲဖြစ်ဖြစ် လဲပြိုသွားနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တစ်ယောက်အတွက် ဘယ်အချိန်မှာ ဘယ်လိုငွေမျိုးကို ယူသုံးမလဲ ဆိုတာကို ခွဲခြားသိဖို့က အရေးကြီးဆုံးပါပဲ။ ကိုယ်က ငွေအကြာကြီးလိုအပ်တာလား ၊ ခဏလေးလားဆိုတဲ့ အပေါ်မူတည်ပြီးတော့   Short-term Finance  Long-term Finance ဆိုပြီး အဓိကနည်းလမ်းနှစ်မျိုးရှိလာပါတယ်။ လုပ်ငန်းတစ်ခုရဲ့ ရေရှည်တည်တံ့မှုက ရရှိနိုင်တဲ့ ငွေကြေးအရင်းအမြစ်တွေနဲ့ ဒါတွေကို စီမံတဲ့အပေါ်မှာ အများကြီးမှီတည်နေပါတယ်  (Atrill, 2017)  ။

Chapter 2.20 (Financial Management) - အကြွေးရှင် ဖြစ်ချင်လား။ Bond (ငွေချေးသက်သေခံလက်မှတ်) လောကကို အလည်တစ်ခေါက်

Image
  Chapter 2.20 (Financial Management) - အကြွေးရှင် ဖြစ်ချင်လား။ Bond (ငွေချေးသက်သေခံလက်မှတ်) လောကကို အလည်တစ်ခေါက် စီးပွားရေးလောကမှာ ရင်းနှီးမြှုပ်နှံဖို့ဆိုရင် ရှယ်ယာဝယ်တာအပြင် နောက်ထပ် နာမည်ကြီးတာတစ်ခုက Bond ဝယ်တာပါ။ ရှင်းရှင်းပြောရရင်တော့ ကိုယ်က အစိုးရ ဒါမှမဟုတ် ကုမ္ပဏီကြီးတွေကို ပိုက်ဆံချေးပေး လိုက်တာ ပါပဲ။ သူတို့က ကိုယ့်ဆီက ပိုက်ဆံချေးတဲ့အတွက် အပြန်အလှန်အနေနဲ့ သက်သေခံလက်မှတ် တစ်စောင်ပေးပြီး အတိုးပြန်ပေးမယ်လို့ ကတိပြုကြပါတယ်။ ဒါကို အရိုးရှင်းဆုံး နှိုင်းယှဉ်ရရင်တော့ အတိုးပေးမယ်လို့ ကတိပေးထားတဲ့ တရားဝင် အကြွေးစာချုပ်  တစ်ခုပါပဲ (Bodie, Kane, & Marcus, 2014)။ ရိုးရိုးရှင်းရှင်း အဓိပ္ပာယ် Bond (ငွေချေးသက်သေခံလက်မှတ်)  ဆိုတာ ဟာ ကုမ္ပဏီတစ်ခု ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုက အရင်းအနှီးလိုတဲ့အခါ လူထုဆီကနေ ပိုက်ဆံချေးတဲ့ နည်းလမ်းပါ။ ကိုယ်က ချေးပေးတဲ့သူ (Lender) ဖြစ်ပြီး သူတို့ကတော့ အကြွေးယူတဲ့သူ (Borrower) ဖြစ်သွားပါတယ်။ ကိုယ့်အတွက် အကျိုးကျေးဇူးကတော့  ရှယ်ယာ (Stock) လို အရမ်းမစွန့်စားရဘဲ ပုံမှန်အတိုးနှုန်းတစ်ခုကို ရချင်သူတွေအတွက် အကောင်းဆုံးပါ။ အဓိကကတော့ ငွေပျောက်မှာ မကြော...