Chapter 1 (Financial Management) : စီမံခန့်ခွဲမှု အနုပညာ

Chapter 1 (Financial Management) : စီမံခန့်ခွဲမှု အနုပညာ - စာအုပ်ထဲက သီအိုရီမှသည် ဘဝခရီးအထိ

ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ငွေရှိရင် ဘာမဆိုလုပ်လို့ရတယ် လို့ ယူဆထားကြသူတွေ အများကြီးပါ။ ဒါပေမဲ့ တကယ့်လက်တွေ့ လုပ်ငန်းခွင်ထဲ ရောက်တဲ့အခါ ငွေကြေးနဲ့ လူအင်အားထက် ပိုအရေးကြီးတာတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ စီမံခန့်ခွဲမှု (Management) ပါပဲ။

၁။ Management ဆိုတာ ဘာလဲ?

Management ဆိုတာ လုပ်ငန်းတစ်ခုရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ထိရောက်စွာ (Effectively) နဲ့ အကျိုးရှိရှိ (Efficiently) အကောင်အထည်ဖော်နိုင်ဖို့အတွက် Planning, Organizing, Leading နဲ့ Controlling ဆိုတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်တာဖြစ်ပါတယ်၊ ရိုးရိုးလေး ပြောရရင်တော့ ပစ်မှတ်ကို တိတိကျကျ မှန်အောင် ပစ်တတ်ခြင်း ပါပဲ (Robbins & Coulter, 2012)

၂။ စီမံခန့်ခွဲသူတစ်ဦးရဲ့ အခြေခံတာဝန် ၄ ရပ် 

ကျွန်တော်တို့ လေ့လာခဲ့ရတဲ့ Note အရ Manager တစ်ယောက်ဟာ အောက်ပါ အဓိက လုပ်ငန်းစဉ် ၄ ခုကို အမြဲတစေ လည်ပတ်နေရပါတယ်-

  • Planning (စီမံကိန်းချခြင်း) - လုပ်ငန်းရဲ့ ရည်မှန်းချက်တွေကို သတ်မှတ်ပြီး အဲဒီပန်းတိုင်ရောက်ဖို့ ဘယ်လိုလုပ်မလဲဆိုတဲ့ Strategy တွေ ချမှတ်တာပါ။

  • Organizing (ဖွဲ့စည်းတာဝန်ပေးခြင်း) - အလုပ်တွေကို ဘယ်သူတွေက လုပ်မှာလဲ၊ ဘယ်သူက ဘယ်သူ့ကို Report တင်ရမလဲဆိုတာကို စနစ်တကျ ဖွဲ့စည်းတာပါ။

  • Leading (ဦးဆောင်ခြင်း) - ဝန်ထမ်းတွေကို အလုပ်လုပ်ချင်စိတ်ရှိအောင် တွန်းအားပေးခြင်း (Motivation) နဲ့ လမ်းညွှန်ပြသခြင်းတို့ ပါဝင်ပါတယ်။

  • Controlling (ထိန်းချုပ်ကွပ်ကဲခြင်း) - လုပ်ဆောင်ချက်တွေဟာ ချမှတ်ထားတဲ့ စီမံကိန်းအတိုင်း ဖြစ်မဖြစ် စောင့်ကြည့်စစ်ဆေးပြီး လိုအပ်ရင် ပြုပြင်ပြောင်းလဲတာ ဖြစ်ပါတယ်။


စီမံခန့်ခွဲသူတစ်ဦးရဲ့ အခြေခံတာဝန် ၄ ရပ် (The POLC Cycle)

Manager တစ်ယောက်ဖြစ်စေ၊ ကိုယ်ပိုင်လုပ်ငန်းရှင် တစ်ယောက်ဖြစ်စေ အောင်မြင်ချင်တယ်ဆိုရင် ဒီအဓိက လုပ်ငန်းစဉ် (၄) ခုကို ရင်ဘတ်ထဲအထိ ရောက်အောင် နားလည်ထားဖို့ လိုပါတယ်။

A. Planning (စီမံကိန်းချခြင်း) - ဘယ်ကိုသွားမလဲ?

ဒါဟာ ခရီးတစ်ခု မထွက်ခင် မြေပုံဆွဲတာနဲ့ တူပါတယ်။ ဘာတွေလုပ်မှာလဲ၊ ဘယ်တော့ပြီးမှာလဲ၊ ဘယ်လိုသွားမှာလဲဆိုတာ ကြိုတင်စဉ်းစားရတာပါ။

  • ဉပမာ လာမယ့် ၃ လအတွင်းမှာ ကော်ဖီခွက်ရေ ၃၀၀၀ ရောင်းရမယ် ဆိုတဲ့ ပစ်မှတ်သတ်မှတ်တာဟာ Planning ပါပဲ။ ပစ်မှတ်မရှိရင် မြှားပစ်လို့ မရသလိုမျိုး၊ စီမံကိန်းမရှိတဲ့ လုပ်ငန်းဟာလည်း ဦးတည်ချက်မဲ့နေတတ်ပါတယ်။

B. Organizing (ဖွဲ့စည်းတာဝန်ပေးခြင်း) - ဘယ်သူတွေ ဘာလုပ်မလဲ?

မြေပုံရပြီဆိုရင်တော့ ဘယ်သူက ကားမောင်းမလဲ၊ ဘယ်သူက လမ်းကြည့်မလဲဆိုတာ တာဝန်ခွဲရပါပြီ။ လူတွေနဲ့ ပစ္စည်းတွေကို နေရာတကျ စုဖွဲ့တဲ့ အဆင့်ပါ။ အလုပ်တွေကို ကဏ္ဍအလိုက် ခွဲခြားတာ၊ ဘယ်သူက ဘာတာဝန်ယူရမယ်ဆိုတာ သတ်မှတ်တာနဲ့ လုပ်ပိုင်ခွင့် (Authority) ပေးအပ်တာတွေ ပါဝင်ပါတယ်။

ဥပမာ - ကော်ဖီဖျော်ဖို့ Barista တွေ ခန့်မယ်၊ ပိုက်ဆံသိမ်းဖို့ Cashier ထားမယ်။ ဘယ်သူက ဘယ်အချိန် ဆင်းရမယ်၊ ဘယ်သူက ပစ္စည်းမှာရမယ်ဆိုပြီး တာဝန်တွေ ခွဲဝေပေးလိုက်တာဟာ Organizing လုပ်တာပါ။ သင့်တော်တဲ့လူကို မှန်ကန်တဲ့နေရာမှာ ထားခြင်း (Right man in the right place) ဟာ ဒီအဆင့်ရဲ့ အသက်ပါပဲ။ Barista အလုပ်ကို စာရင်းကိုင်ကို သွားခိုင်းလို့ မရသလိုပေါ့။ စနစ်တကျ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုမှာ လူတိုင်းက ကိုယ့်တာဝန်ကိုယ် သိနေတတ်ပါတယ်။


C. Leading (ဦးဆောင်ခြင်း) - ဘယ်လိုတွန်းအားပေးမလဲ?

ဝန်ထမ်းတွေကို အလုပ်လုပ်ချင်စိတ်ရှိအောင် တွန်းအားပေးခြင်း (Motivation)၊ လမ်းညွှန်ပြသခြင်း (Guidance) နဲ့ ထိရောက်တဲ့ ဆက်သွယ်ပြောဆိုခြင်း (Communication) တို့ ဖြစ်ပါတယ်။

လူတွေက စက်ရုပ်တွေမဟုတ်တဲ့အတွက် စာရွက်ပေါ်က အစီအစဉ်အတိုင်း အလိုလို လုပ်မှာမဟုတ်ပါဘူး။ ခေါင်းဆောင်တစ်ယောက်ရဲ့ နှလုံးသား က ဒီနေရာမှာ စကားပြောလာပါတယ်။ 

  • ဝန်ထမ်းတွေ ပင်ပန်းနေချိန်မှာ အားပေးစကားပြောတာ၊ အခက်အခဲဖြစ်နေရင် ကိုယ်တိုင်သင်ပြပေးတာဟာ Leading ပါပဲ။ လူတွေရဲ့ ရင်ထဲကို ရောက်အောင် သွားနိုင်မှသာ သူတို့ဆီက အကောင်းဆုံး စွမ်းဆောင်ရည်ကို ရနိုင်မှာ ဖြစ်ပါတယ်။

D. Controlling (ထိန်းချုပ်ကွပ်ကဲခြင်း) - လမ်းကြောင်းမှန်ရဲ့လား?

လက်ရှိလုပ်ဆောင်ချက်တွေကို တိုင်းတာတာ၊ မူလရည်မှန်းချက်နဲ့ ကိုက်ညီမှု ရှိ၊ မရှိ နှိုင်းယှဉ်တာနဲ့ လိုအပ်ရင် ပြုပြင်ပြောင်းလဲတာတွေ လုပ်ရပါတယ်

ဒီမှာအရာအားလုံးက စီမံကိန်းအတိုင်း ဖြစ်မဖြစ် ပြန်စစ်ဆေးတဲ့ အဆင့်ပါ။

  • ဥပမာ ၃ လပြည့်လို့ စစ်ကြည့်တဲ့အခါ ခွက်ရေ ၂၀၀၀ ပဲ ရောင်းရတယ်ဆိုရင် ဘာလို့လဲ? လို့ ပြန်ဆန်းစစ်ရပါမယ်။ ဈေးကြီးလို့လား၊ အရသာမကောင်းလို့လား? အကြောင်းရင်းသိပြီဆိုရင်တော့ နည်းလမ်းအသစ်နဲ့ Plan ကို ပြန်ပြင်ရပါမယ်။ ဒါဟာ လုပ်ငန်းကို လမ်းချော်မသွားအောင် ထိန်းကျောင်းပေးတဲ့ စနစ်ပါပဲ။


လေ့လာမိသလောက် Management ဆိုတာ စက်ဝိုင်းတစ်ခုလို လည်ပတ်နေတာပါ။ Planning က လမ်းပြမြေပုံဆွဲပေးပြီး၊ Organizing က လိုအပ်တဲ့ အင်အားကို စုစည်းပေးတယ်၊ Leading က ဒီအင်အားကို ရှေ့သို့ရွေ့အောင် တွန်းပို့ပေးပြီး Controlling ကတော့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေစေဖို့ ထိန်းကျောင်းပေးပါတယ်။

ဒါတင်မကပါဘူး စီမံခန့်ခွဲမှုဆိုတာ လုပ်ငန်းခွင်တင်မကဘဲ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာလည်း အရမ်းအသုံးဝင်ပါတယ်။ ကိုယ့်ရဲ့ အချိန်၊ ငွေကြေးနဲ့ စွမ်းအင်တွေကို ဒီ POLC အတိုင်း စနစ်တကျ စီမံခန့်ခွဲနိုင်မယ်ဆိုရင် ကျွန်တော်တို့ ဘဝမှာလည်း ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ရလာမှာ သေချာပါတယ်။



Reference

Robbins, S. P., & Coulter, M. (2012). Management (11th ed.). Upper Saddle River, NJ: Prentice Hall.

Comments

Popular posts from this blog

Chapter 1.1 (Financial management) : စီမံခန့်ခွဲသူတစ်ဦးရဲ့ အသက်သွေးကြော - Managerial Skills (၃) သွယ်

Chapter 2.6 (Financial Management) : Business Ownership စီးပွားရေးခရီးကို ပုံဖော်မည့် ပုံစံ (၃) မျိုး